3UTools ဆိုတဲ့ဆော့ဖ်ဝဲကတော့ iPhone, iPad တွေကို Manage ပြုလုပ်နိုင်မယ့် app တစ်ခုဖြစ်ပါတယ်။
.
ဒီဆော့ဖ်ဝဲနဲ့ ဆော့ဖ်ဝဲတွေကို ထည့်သွင်းခြင်း၊ ringtone တွေကိုရှာဖွေ download လုပ်ယူခြင်းနဲ့ wallpaper တွေကို ရှာဖွေရယူခြင်း အစရှိတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
.
ဒါ့အပြင် iDevice တွေကို backup and restore ပြုလုပ်ခြင်းနဲ့ audio, video တွေကို convert ပြုလုပ်ခြင်း တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။
.
IPhone User တွေအတွက် 3uTools လေးရဲ့ အသုံးဝင်တဲ့ Function လေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။
.
APP Download
************
လိုချင်တဲ့ APP တွေကို App Store ကနေ Down ကြတာများပါတယ်။ Factory Reset ချလိုက်တာပဲဖြစ်ဖြစ် ၊ APP ကို မှားဖျက်လိုက်မိတာပဲ ဖြစ်ဖြစ် ဒီအခြေအနေဆိုရင် APP တွေကို နောက်ထပ် ပြန်ဒေါင်းရတော့ အချိန်ကုန် တာပေါ့ဗျာ။ 3uTools ကနေ APP တွေကို Down ထားလိုက်ရင် နောက်ထပ် ပြန်ထည့်လို့ရသလို အချိန်လဲ မကုန်တော့ဘူးပေါ့ဗျာ။

Ringtone Download & Maker
***********************
ကိုယ်ကြိုက်တဲ့ သီချင်းတွေကို Ringtone ဖြတ်လို့ရသလို 3uTools ထဲက ဖြတ်ပြီးသား Ringtone တွေကို Download လုပ်ပြီး ထည့်လို့ရပါသေးတယ်။
Wallpaper လေးတွေပါ Down လို့ရသေးတယ်နော်။

Firmware Download & Flash
**********************
သက်ဆိုင်ရာ ဖုန်းရဲ့ အမျိုးအစား အလိုက် Firmware တွေ Download ဆွဲလို့ရပြီး Update တင်မယ်ဆိုလဲ Data မပျက်အောင် တင်လို့ပါတယ် ခင်ဗျာ။ Jailbreak လုပ်ချင်တဲ့သူတွေအတွက် ခွင့်ပြုထားတဲ့ Version အလိုက် Jailbreak ပါ လုပ်လို့ရပါတယ်။

Backup & Restore
***************
မိမိ ဖုန်းထဲက အရေးကြီးတဲ့ Data တွေကို 3uTools နဲ့ Backup သိမ်းထားလိုက်ရင် အရေးကြီးတဲ့ အချက်အလက်တွေ ပျက်သွားမှာလဲ စိတ်မပူရတော့ဘူး။ Data တွေ Backup လုပ်ထားတာကြောင့် ပျက်သွားခဲ့ရင်လဲ Restore လုပ်လိုက်တာနဲ့ ကိုယ့်ရဲ့ Data လေးတွေ ပြန်ရသွားတော့ အဆင်ပြေပြီပေါ့ဗျာ။

.
တခြား Function ပေါင်းများစွာကို အသုံးပြုလို့ရပါသေးတာကြောင့် IPhone User တွေ အတွက် 3uTools လေး အသုံးပြုကြည့်ဖို့အတွက် အကြံပေးပါရစေဗျာ။ 3uTools လေး လိုအပ်ခဲ့ရင် bit.ly/3lcMzLe ဒေါင်းလို့ရပါတယ် ခင်ဗျာ။