Data Sim Card တွေထည့်ပီး အင်တာနက် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေအကြောင်းပြောကြရအောင်

၁) Mini Wifi Router with USB Port for 3G/4G Modem
 Wifi Hotspot ပြန်လွှင့်လို့ရတဲ့စက်လေးဖြစ်ပါတယ် သူ့မှာ USB နဲ့ Lan ပေါက်ပါပါတယ်။ အဲ့ဒီ USB ပေါက်ထဲကို 3G/4G  Modem ထည့်လိုက်ရင် Modem ကထွက်တဲ့ အင်တာနက်ကို သူက Wifi အနေနဲ့ပြန်လွှင့်ပေးမှာဖြစ်ပါတယ်။ Lan ပေါက်ကလဲ ထိနည်းငှင်းပါပဲ lan ကြိုးနဲ့ ဝင်လာတဲ့ Internet ကိုပြန်လွှင့်ပေးမှာပါ။ ဒါပေမယ့် ဒီပစ္စည်းလေးတွေကို ဈေးကွက်ထဲမှာတော့ သိပ်မတွေ့မိတော့ဘူးဗျ။ 

 

၂)USB Modem with 3g WiFi.
Mifi လို့လဲခေါ်ကြပါတယ်။ 2in1 ၂မျိုးသုံးနိုင်တဲ့ပစ္စည်းလေးပါ။ 3G/4G Modem အနေနဲ့သုံးလို့ရသလို Wifi Hotspot လွှင့်တဲ့စက်အနေနဲ့လဲသုံးလို့ရတာမျိုးပါ။ Bandwidth အနေနဲ့ 150Mbps ပတ်ဝန်းကျင်ရရှိနိုင်ပါတယ်။ USB နဲ့လာတာမို့ သူ့ကို Powerbank တွေ Adapter ခေါင်းတွေနဲ့  Power ကျွေးပြီး သွားလေရာသယ်သွားလို့လဲရပါသေးတယ်။ ထုတ်လုပ်တဲ့ Company ပေါ်မူတည်ပြီး MicroSd တွေဘာတွေလဲထည့်ပြီး Data Sharing တွေလဲလုပ်လို့ရပါသေးတယ်။ ဒါလေးကတော့ ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

 

၃)Neutral WiFi Router with ports and USB input compatible with all USB 3g/4g modems
ဒါကတော့ နံပတ်၂နဲ့အလုပ်လုပ်ပုံချင်းအတူတူပါပဲ။ ဆိုဒ်ပိုကြီးသွားမယ် Ac Adapter နဲ့ပါဝါကျွေးရမယ်။ ဒါပေမယ့်သူ့ထဲမှာ ဆင်းကဒ် ဒါရိုက်ထည့်လို့မရပါဘူး။ စက်မှာပါတဲ့ USB အပေါက်ကနေတဆင့် USB Modem တွေ တပ်သုံးရမှာဖြစ်ပါတယ်။သူ့ရဲ့အားသာချက်က Wifi နည်းပညာပိုမြင့်သွားလို့ Bandwidth ကို 300Mbps လောက်အထိ Support လုပ်ပေးနိုင်သွားပါပြီ။

၎)Router 4g with WiFi AC
ဒီတစ်ခုကတော့ Router ထဲမှာ ဆင်းကဒ်တခါတည်းထည့်သုံးလို့ရပြီး နည်းပညာလဲမြင့် ဈေးလဲမသေးပါဘူး။ ထုတ်လုပ်တဲ့ Company နဲ့ ဈေးနှုန်းပေါ်မူတည်ပြီး Wifi ကို 2.4Ghz နဲ့ 5Ghz တွေ အမျိုးမျိုး Support လုပ်ပေးနိုင်ပါတယ်။ 2.4Ghz ဆိုရင် 300Mbps အထိရနိုင်ပြီး 5Ghz လွှင့်နိုင်တဲ့မော်ဒယ်တွေမှာဆို 866Mbpsအထိ ရရှိနိုင်ပါတယ်။ အပေါ်ကပြောခဲ့တဲ့ မော်ဒယ်တွေထက် Range လဲ ပိုကျယ်ကျယ်ရမှာဖြစ်ပါတယ်။ စက်ထဲမှာ တခြားသုံးလို့ရတဲ့ Setting တွေလဲပိုများလာမှာဖြစ်ပါတယ်(ဉပမာ VPN Setting / Bandwidth Limit, etc.)

၅) Portable WiFi Router with 4g compatible mobile battery
ဒါလေးကတော့ Battery တပါတည်းပါပြီးသားမို့ မိမိနဲ့အတူ သွားလေရာ သယ်သွားလို့ရတာမျိုးပါ။များသောအားဖြင့် Powerbank အသေး‌ Size လောက်လေးတွေပဲရှိပါတယ်။ မော်ဒယ်နဲ့ ဈေးနှုန်းအပေါ်မူတည်းပြီး Display ပါတာတို့, battery Capacity နဲ့ အားသွင်းတဲ့port microusb, typeC အမျိုးမျိုးရှိနိုင်ပါတယ်။

Dr.Fone
မိုဘိုင်းဖုန်း ပြုပြင်ရေးနှင့် အရောင်းဆိုင်
.
ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့ ။
09453375511, 09976203040, 092025605, 09975461029
Google Maps မှာရှာဖွေပါ >> https://goo.gl/maps/1mhWmz3qmM12
#knowledgesharing #DrFoneMonywa #router #SimRouter
 



ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511

ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511