“ကိုယ် install ချင်တဲ့ application ကို google play storeမှ မဟုတ်ပဲ တခြား device နဲ့ download ပြီးမှ ကိုယ့်ဖုန်းမှာ install ချင်ရင် ဘာတွေ သိထားရမလဲ”
ကိုယ့်ဖုန်းမှာ အလုပ်လုပ်တဲ့ google play store ရှိပြီးသားဆိုရင်တော့ ဘာမှ သိပ်သိစရာ မလိုပဲ ကိုယ်ထည့်ချင်တဲ့ app နာမည် ရိုက်ရှာပြီး install ရုံပါပဲ။ play store က ကိုယ့်ဖုန်းနဲ့ ကိုက်တဲ့ app versionကို အလိုအလျောက်ထည့်ပေးသွားမှာပါ။ တခါတလေ ဒီappက ကိုယ့်နိုင်ငံမှာ သုံးမရပါဘူးဆိုပြီး ပေါ်နေရင် ကိုယ့်gmailက playstore မှာ Myanmar Region ဖြစ်နေလို့ပါ။ အဲတာဆိုရင် ကိုယ့်gmailကို playstore မှာ US regionပြောင်းပြီး စမ်းကြည့်ပါ။ ပြောင်းရခက်ရင် playstore appနဲ့ googleplay servicesကို clear data လုပ်၊ VPN ခံပြီး US regionနဲ့လုပ်ထားတဲ့ gmailနဲ့ ဝင်ရင် အဆင်ပြေပါတယ်။ playstore မှာ applicationက ကိုယ့်စက်နဲ့ မကိုက်လို့ installလို့ မရပါဘူးဆိုပြီး ပေါ်နေရင်တော့ ကိုယ့်စက်က Versionနိမ့်လွန်းနေလို့ ဖြစ်တတ်ပါတယ်။ အဲတာဆိုရင် စက်ကို versionမြှင့်လို့ရရင် မြှင့်၊ မရရင် third party storeတခုခုကနေ ကိုယ့်စက်နဲ့ကိုက်တဲ့ app versionရှာ install ရမှာပါ။
Playstoreမှ မဟုတ်ပဲ တခြားနေရာက ရှာdownloadရမယ်ဆိုရင်တော့ အောက်ပါအချက်လေးတွေ သိထားရပါမယ်။
Apk ဖိုင်တွေက ဖုန်းအမျိုးအစားအပေါ်မူတည်ပြီး variants အမျိုးမျိုး လာတတ်ပါတယ်။ ကိုယ့်ဖုန်းနဲ့ ကိုက်မယ့် apk downloadဖို့အတွက် အကြမ်းအားဖြင့် အောက်ပါ အချက်၃ချက်ကို အဓိကထားပြီး စစ်ရပါမယ်။
* Architecture: ကိုယ့်ဖုန်းရဲ့ processorအမျိုးအစား။ အများအားဖြင့်
arm (armeabia, armeabi-v7a)၊
arm64 (arm64, arm64-v8a)၊
x86, နဲ့ x86_64 တို့ပါ။
ARM နဲ့ x86 တို့က 32-bit processors တွေပါ။ arm64 နဲ့ x86_64 တို့ကတော့ 64-bit processors တွေပါ။
* Android Version: ကိုယ့်ဖုန်းရဲ့ Android OS version.
* Screen DPI: DPI ဆိုတာ “Dots Per Inch” ပါ (ဖုန်း screenရဲ့ PPI- pixels per inchပါပဲ)
ARM နဲ့ x86 ကို ထပ်ရှင်းရရင်---
ARM: ဒီကောင်ကတော့ ဖုန်းအများစုမှာ သုံးတဲ့ mobile processor architecture ပါပဲ -Qualcommရဲ့ Snapdragon၊ Samsungရဲ့ Exynos, နဲ့ MediaTekရဲ့ mobile chips တွေကတော့ ARM processors နမူနာတွေပါပဲ။ ခု နောက်ဆုံးပေါ် chips တွေကတော့ ARM64 ဆိုပြီး 64-bit တွေပေါ့။
x86: ဒီကောင်ကတော့ Intel chips အမျိုးအစားတွေပါ။ androidဖုန်းတွေမှာတော့ အသုံးနည်းပါတယ်။ x86_64 ဆိုတာ 64-bit Intel chips ပါ။
မှတ်ရမှာက -
* arm အတွက်ထုတ်ထားတဲ့ apkကို x86 ဖုန်းမှာ သုံးလို့ မရသလို x86အတွက် apkကိုလည်း arm ဖုန်းမှာ သုံးလို့ မရပါဘူး
* 32-bit processor နဲ့ ဖုန်းတွေမှာ 64-bit apk သုံးလို့မရပါဘူး
* 64-bit processor နဲ့ ဖုန်းတွေမှာတော့ 64-bit apk ရော 32-bit apkရော သုံးနိုင်ပါတယ်
အထက်ပါ အချက်တွေ သိထားရင်တော့ apkmirror.com လို websiteတခုခုမှာ ကိုယ့်စက်နဲ့ကိုက်တဲ့ variant ကိုရွေး download ပြီး install နိုင်ပါပြီ။ ခုပြောပြသွားတာက apkကို install လို့ရတဲ့ အဆင့်ထိပဲ ရှိပါသေးတယ်။ ကိုယ့်ဖုန်းမှာ အဆိုပါ app အလုပ်လုပ်ဖို့ကတော့ တခြားအချက်တွေလည်း ရှိနိုင်ပါသေးတယ်။ သူက google services framework ရှိမှ အလုပ်လုပ်တဲ့ appဆိုရင် ကိုယ့်ဖုန်းမှာ သူလိုတာတွေ မရှိရင်လည်း အလုပ်လုပ်မှာ မဟုတ်ပါဘူး :D
ကိုယ့်ဖုန်းရဲ့ processor အမျိုးအစားကို သိချင်ရင် adb shell commandရိုက်ပြီးကြည့်နိုင်သလို appနဲ့လည်း ကြည့်နိုင်ပါတယ်
apkmirror.com မှာ messenger လို့ ရိုက်ရှာလိုက်ရင် ရွေးစရာ variants အမျိုးမျိုးတွေ့မှာပါ
ကိုယ့်ဖုန်း architecture, Android version, dpi တို့နဲ့ ကိုက်တဲ့ variant ကို download နိုင်ပါတယ်