Advanced Data Protection for iCloud ဖွင့်နည်း

မင်္ဂလာပါ ခင်ဗျာ....
ကျနော်တို့ရဲ့ icloud မှာ သိမ်းထားတဲ့ dataတွေအတွက် ပိုမိုလုံခြုံမှုရှိတဲ့ Advanced Data Protection for iCloud ဆိုတဲ့ စနစ်ကို Appleက December 7, 2022 နေ့မှာ  ချပြပေးလိုက်ပါတယ်။ အဆိုပါစနစ်ဟာ ကျနော်တို့ရဲ့ dataတွေကို Appleရဲ့ Serversမှာ end-to-end-encryptionနည်းနဲ့ သိမ်းထားမှာဖြစ်ပြီး decrypt(ပြန်ဖွင့်ကြည့်)ဖို့ အတွက် keyကိုတော့ Apple Serversမှာ သိမ်းမှာမဟုတ်ပဲ ကျနော်တို့ရဲ့ local deviceမှာသိမ်းထားနိုင်မှာပါ။ ဆိုတော့က Apple ရဲ့ Serverကြီး data breach ဖြစ်ရင်တောင် encrypted dataတွေပဲ ပါသွားမှာပါ။ ကျနော်တို့ဆီက key မရှိပဲ dataတွေကို ဖွင့်ကြည့်လို့ ရမှာမဟုတ်ပါဘူး။ အစိုးရကလည်း Appleကို ဖိအားပေးပြီး ကျနော်တို့ရဲ့ dataတွေကို ဖွင့်ကြည့်နိုင်တော့မှာ မဟုတ်ပါဘူး...ကဲ ဘယ်လောက်မိုက်သလဲနော FBIတော့ မှတ်ကရောပဲ   
ဒါပေမယ့် ကိုယ့်keyကို သေသေချာချာမှတ်ထားကြပါနော် ဖုန်းလည်းပျောက် keyလည်းမေ့နေရင်တော့ Appleရေ ကယ်ပါဦးလုပ်လို့ ရမှာမဟုတ်ပါဘူး.....    
( လောလောဆယ်တော့ ဒီစနစ်ကို US usersတွေပဲ သုံးနိုင်ဦးမှာ ဖြစ်ပြီး 2023 နှစ်ဦးပိုင်းလောက်မှ Globally ရနိုင်မှာလို့ ဆိုပါတယ်)

ဒီစနစ် အသုံးပြုနိုင်ဖို့ လိုအပ်ချက်တွေကတော့ 
- two-factor authentication ဖွင့်ထားတဲ့ Apple ID
- ကိုယ့်စက်ရဲ့ passcode or password
- recovery key သို့မဟုတ် ကိုယ်ယုံကြည်ရတဲ့ Apple userတယောက် (recovery contact)
- ကိုယ့် Apple ID နဲ့ sign in ဝင်ထားတဲ့ device တွေမှာ ရှိရမယ့် အနိမ့်ဆုံး os version ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်
•    iPhone with iOS 16.2
•    iPad with iPadOS 16.2
•    Mac with macOS 13.1
•    Apple Watch with watchOS 9.2
•    Apple TV with tvOS 16.2
•    HomePod with software version 16.2
•    Windows computer with iCloud for Windows 14.1
•    
ကဲ Advanced Data Protection စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ အောက်ပါအတိုင်း အဆင့်ဆင့်လုပ်ဆောင်နိုင်ပါတယ်...

၁။ Settings ထဲကိုဝင်ပါ

 

၂။ မိမိရဲ့ Apple ID ထဲကို ဝင်ပါ

 

၃။ ICloud ထဲကိုသွားပါ

 

၎။ အောက်ဆုံးနားက Advanced Data Protection ထဲကို သွားပါ

 

၅။ Turn On Advanced Data Protection ကို နှိပ်ပါ

 

၆။ Account Recovery Set Up မလုပ်ရသေးပါက Set Up Account Recoveryဆိုတာ ပေါ်လာပါလိမ့်မယ် နှိပ်လိုက်ပါ

 

၇။ ‌ရွေးစရာ ၂ခုတွေ့ပါလိမ့်မယ် Recovery Contact ရွေးတဲ့နည်းနဲ့ Recovery Key ပေးတဲ့နည်းပါ။ ကိုယ့်မှာ စိတ်ချရတဲ့ Apple Userရှိရင် သူ့ကို ရွေးလို့ရပြီး ဘယ်သူ့ကိုမှ မရွေးချင်ရင်တော့ ခုဆက်လုပ်ပြမယ့် Recovery Key Optionကို ရွေးပါ

 

၈။ Recovery Key ကို Onလိုက်ပါ

 

၉။ Use Recovery Keyကို ဆက်ရွေးပါ

 

၁၀။ ကိုယ့်စက်ရဲ့ passcodeထည့်ပေးရပါမယ်

 

၁၁။ Recovery Key ချပေးပါလိမ့်မယ် အဲ့keyကို သေသေချာချာ သိမ်းထားပါ။ ပြီးရင် Continueကို နှိပ်ပါ

 

၁၂။ သေချာအောင် Recovery Keyကို ပြန်ထည့်ခိုင်းပါလိမ့်မယ် ထည့်ပေးလိုက်ပါ

 

၁၃။ Next ကို နှိပ်ပါ

 

၁၄။ Recovery Key Onသွားပါလိမ့်မယ်၊ Back နဲ့ ပြန်ထွက်လို့ ရပါပြီ

 

၁၅။ Advanced Data Protection ရောက်အောင် ပြန်ဝင်ပါ

 

၁၆။ Turn On Advanced Data Protection ကို ပြန်နှိပ်ပါ

 

၁၇။ Review Recovery Methods ကိုနှိပ်ပါ

 

၁၈။ စောစောက သိမ်းထားတဲ့ Recovery Key ပြန်ထည့်ပေးပါ

 

၁၉။ Next ကို နှိပ်ပါ

 

၂၀။ ကိုယ့်စက်ရဲ့ passcode ပြန်တောင်းပါလိမ့်မယ် ထည့်ပေးလိုက်ပါ

 

၂၁။ ဒါဆိုရင်တော့ Advanced Data Protection On သွားပါပြီ Done ကိုနှိပ်ပြီး ထွက်နိုင်ပါတယ်

 

 



ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511

ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511