အရင်တုန်းက iOS Device တွေမှာ Selfie ရိုက်ရင် ပြောင်းပြန်ပေါ်တာပါ ဒါကိုကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူတွေအတွက်ကတော့ ပြဿနာရှိပါတယ်။ iOS 14 Beta Version မှာတော့ အတည့်ပေါ်အောင်လုပ်လို့ ရခဲ့ပါတယ်။ iOS 14 Official Public မှာ ထွက်လာတဲ့အချိန်မှာတော့ ဒီ Feature လေးက iPhone XS နဲ့အထက် မော်ဒယ်တွေမှာပဲ ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ခုအသစ်ထွက်လာတဲ့ iOS 14.3 Version Update မှာတော့ Mirror Front Photos Feature ကို iPhone XS အောက် မော်ဒယ်တွေမှာလည်း အသုံးပြုနိုင်ပါပြီနော်။
ဒီ Mirror Front Photos Feature ကို အသုံးပြုချင်တယ် ဆိုရင်တော့ Setting >> Camera >> Mirror Font Photos ဆိုတာလေးကို On ပေးလိုက်ရင် အသုံးပြုလို့ရပြီဖြစ်ပါတယ်
iOS 14.3 Update မှာ အဲ့ဒီ Feature လေးကို အသုံးပြုလို့ရနိုင်တဲ့ iPhone မော်ဒယ်တွေကတော့ iPhone 6s, iPhone 6s Plus, iPhone SE, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus, and iPhone X တို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ iOS 14.3 ကို အမြန်ဆုံးပဲ Update လုပ်လိုက်ကြဖို့တိုက်တွန်းလိုပါတယ်။ Version Update လုပ်ဖို့အတွက် အခက်အခဲရှိနိုင်တဲ့သူငယ်ချင်းတွေအတွက် ကျတော်တို့ Dr.Fone မှာ ဝန်ဆောင်မှုပေးမှာဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ :)