၃၀၀၀၀ ဝန်းကျင်မှာ Gaming အတွက် ရွှေးချယ်သင့်တဲ့ QCY T8S

ဈေးနှုန်းသက်သာပြီး Gamer တွေ အများဆုံးအကြိုက်တွေ့ကြတဲ့ QCY Brand ထဲက နောက်ဆုံးထွက် Model လေး QCY T8S လေး ဆိုင်မှာရောက်ပါပြီ။
ဒီ Bluetooth လေးအကြောင်းကို စာတွေ အရှည်ကြီးရေးပြီး ရှင်းမပြဘဲ အမှတ်ပေးတဲ့ စနစ်လေးနဲ့ပဲ ရှင်းပြပေးပါ့မယ်။ ဒီအမှတ်ပေးတာကလဲ ကျတော်တို့ဟာကျွန်တော်တို့ ထင်ရာတွေ ပေးတာမဟုတ်ဘဲ နာမည်ကြီး Website တစ်ခုဖြစ်တဲ့ Xiaomi Today ကသတ်မှတ်ပေးထားတာဖြစ်ပါတယ်။ အမှတ်ပေးစနစ်က 0 ကနေ 10 ပါ။ 8/10 ဆိုရင် ကျနော်တို့ ၁၀ တန်းအမှတ်နဲ့ နှိုင်းယှဉ်မယ်ဆို ဂုဏ်ထူးထွက်နေပြီလို့ ပြောလို့ရပါတယ် 😁🤩
.
Design - 9 / 10
ဒီဇိုင်းပိုင်းနဲ့ ပတ်သတ်လို့ ကျတော်တို့ ပုံလေးတွေမှာလဲ အသေးစိတ်ရိုက်ပြပေးထားပါတယ် Built Quality အတော်လေးကောင်းပါတယ် မင်မင်စမ်းသပ်သုံးကြည့်သလောက် တော်တော်လေးလန်းပါတယ်။ ဗူးလေးကလဲ သပ်သပ်ရပ်ရပ်ရှိပီး ဖွင့်ပိတ်ရတာလွယ်ကူပါတယ်။ 
.
Connectivity - 8 / 10
ချိတ်ဆက်အသုံးပြုတဲ့ပိုင်းမှာလဲ အဆင်ပြေပါတယ်။ Auto Connect တွေပါပါတယ်။ ဗူးဖွင့်လိုက်တာနဲ့ Connect လုပ်ဖို့ Ready ပါပဲ။ In-ear detection function ပါလို့နားထဲကနေ ဖြုတ်လိုက်ရင်လဲ Auto Pause လုပ်ပေးပါတယ်။
.
Sound Quality - 8 / 10
မင်မင် iPhone နဲ့ချိတ်ပြီးသီချင်းနားထောင်ကြည့်တာလဲ AirPod 1 နဲ့ မတိမ်းမယိမ်းပါပဲ 13MM Dynamic Driver နဲ့မို့တော်တော်လေးကောင်းပါတယ်။HD Audio Codes တွေလဲ Support လုပ်ပါတယ်။ PUBG ဆော့ကြည့်တာလဲ Gaming Mode ပါလို့ latency 65ms ဆိုတော့ နောက်ကျတာမျိုးတွေ မရှိပါဘူး။ 
.
Microphone Quality - 8 / 10
မင်မင်ရဲ့ သူငယ်ချင်းတစ်ယောက်ဆီကို ဖုန်းဆက်ပြီး ၁၅ မိနစ်လောက် Mic Quality ကို စမ်းကြည့်ပါတယ်။ Noise Reduction ပါလို့ပတ်ဝန်းကျင်က ဆူညံသံတွေလဲလျော့ချပေးပါတယ်။ အရင် QCY တချို့ မော်ဒယ်ဟောင်းတွေလို အသံကွဲတာ ဟိုဘက်မှာကြားရတဲ့အခါ အက်အက်ကြီးဖြစ်နေတာမျိုးတွေ မရှိပါဘူး အဆင်ပြေပါတယ်။
.
Comfortable To Wear - 9 / 10
ဒါကတော့ တော်တော်လေးကို ကောင်းတဲ့ထဲမှာ ပါပါတယ်။ AirPod 1&2 တွေလိုပုံစံလေးမို့ နားမနာပါဘူး။ တော်တော်လေး Comfort ဖြစ်ပါတယ်။ မင်မင်တော်တော်လေးကြိုက်တဲ့ထဲမှာပါပါတယ်။
.
Battery Life - 8 / 10
380mAH ပါပါတယ်။ ear pod တွေကို ၄ ကြိမ်အားပြန်သွင်းလို့ရပါတယ်။ Charging Case ကိုရော ear pod တွေရောကို အားကုန်တဲ့အထိသုံးမယ်ဆို ၁၇ နာရီဝန်းကျင် အသုံးခံမှာဖြစ်ပါတယ်။ အားပြန်သွင်းဖို့ TypeC ပေါက်ပါပါတယ်။
.
Features - 9 / 10
Features တွေကတော့ QCY APP လေးဒေါင်းပြီးသုံးရင်ပိုပြီးစုံပါတယ်။ မင်မင်ကတော့ iPhone နဲ့စမ်းကြည့်တာ App က Crashed ဖြစ်နေလို့ ဒီအပိုင်းမှာ သိပ်ပြီးမစမ်းလိုက်ရပါဘူး။ ဒါပေမယ့် သူတို့ပြောထားတဲ့အချက်တွေကို ကိုးကားပြီးပြန်ပြောပေးပါ့မယ်။
*In ear detection on/off
*Touch Function Customization
*Equalizer
*Pop-up Connection စတာတွေကို လုပ်လို့ရပါသေးတယ်။
.
Usability - 9 / 10
ဒီလို Function တွေ စုံပြီး ပေးရတဲ့ဈေးမှာသက်သာနေမှုတော့ အသုံးဝင်မှုပိုင်းမှာထွေထွေထူးထူးပြောစရာလိုမယ်တော့မထင်ပါဘူးဗျာ 😀 😀 
.
***** ဈေးနှုန်း - 32,000 ကျပ် *****
.

Type-C အားသွင်းပေါက်နဲ့ Specification အနည်းငယ်
.

ဗူးလေးကိုဖွင့်လိုက်ရင် ဒီလိုလေးပါ ကွာလတီကောင်းပြီး လှတဲ့အထဲမှာပါပါတယ်

တိုင်လေးမှာ ရွှေရောင်အကွပ်လေးနဲ့ တော်တော်လေးလှပါတယ်
.
ဆိုင်ကိုမလာပဲ လိုင်းပေါ်ကနေမှာရင်လဲ ပစ္စည်းပို့ပေးပါတယ်နော်...🚴🚴🚴
ဆိုင်မှာ စိတ်ကြိုက်စမ်းသပ်ဝယ်ယူလို့ရသလိုအိမ်ကိုလာပို့ပေးပါဆိုတဲ့ သူငယ်ချင်းတွေအတွက်လဲ မုံရွာမြို့တွင်း အိမ်အရောက်ပို့ပေးပါတယ်နော် 😊
အခြားမြို့တွေဆိုရင်လဲ ငွေချေပြီးရင် ကားဂိတ်အရောက် သို့မဟုတ် သက်ဆိုင်ရာ အမြန်အချောပို့များနဲ့ပို့ဆောင်ပေးပါတယ်ခင်ဗျာ
.
Dr.Fone Page ကတင်သော အကြောင်းအရာများကို အဆက်မပြတ် ဖတ်ရှုလိုပါက Dr.Fone Page ကို Like & See First ပြုလုပ်ထားနိုင်ပါတယ်ခင်ဗျာ 😊
လုံးဝမလွတ်တမ်းသိချင်တယ်ဆိုရင်တော့ Get Notifications ပြုလုပ်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ 😊
.
Dr.Fone မှ ဝယ်ယူထားသော Devices များအတွက် Software & Hardware Lifetime Free Services ထားရှိပေးထားပါသည် ( Free Services အတွက် ဝယ်ယူထားသောဘောက်ချာ သို့မဟုတ် Warranty Card ယူဆောင်လာရန်လိုအပ်ပါသည်။ )
.
Dr.Fone
မိုဘိုင်းဖုန်း ပြုပြင်ရေးနှင့် အရောင်းဆိုင်
.
ဆိုင် (၁) >> ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့ ။
0712026544, 092025605, 09975461029
Google Maps မှာရှာဖွေပါ >> https://goo.gl/maps/1mhWmz3qmM12
.
ဆိုင် (၂) >> အမှတ် (၁၁/၁၈) ကျောက္ကာလမ်း၊ ဗဟိုမီးသတ်တိုက်တန်းနှင့် မျက်နှာချင်းဆိုင်၊ အလယ်ရပ်၊ မုံရွာမြို့။
09976203040, 09976204070
Google Maps မှာ ရှာဖွေပါ >> https://goo.gl/maps/i21xcPjMXqp



ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511

ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511