Google Family Link ဆိုတာက မိဘတွေအနေနဲ့ အရွယ်မရောက်သေးတဲ့ မိမိတို့ရဲ့ ကလေးတွေ ဖုန်းမှာ App အက်ပလီကေးရှင်း အသုံးပြုမှုကို ကြီးကြပ်ဖို့အတွက် Google ကထောက်ပံ့ပေးတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
Google Family Link App အက်ပလီကေးရှင်းရဲ့ အကူအညီနဲ့ သင့်ကလေးတွေရဲ့ App တွေကတစ်ဆင့် ကြည့်နေတဲ့ အကြောင်းအရာ အမျိုးအစားတွေကို မျက်ခြည်မပြတ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လိုအပ်ပါက သင်အနေနဲ့ Google Family Link App ကို အသုံးပြုပြီး အချို့သောဝက်ဘ်စာမျက်နှာများသို့ သွားရောက်ကြည့်ရှုခြင်း သို့မဟုတ် မှားယွင်းတဲ့ အွန်လိုင်းအရောင်းအ၀ယ်တွေမှာ ငွေဖြုန်းခြင်းတွေကို အတင်းအကြပ် တားဆီးနိုင်မှာလည်း ဖြစ်ပါတယ်။
Google Family Link app ကိုသုံးဖို့အတွက် အရင်ဆုံး မိမိရဲ့ ဖုန်းထဲမှာ Google Family Link for parents app ကို PalyStore ကနေ install လုပ်ထည့်သွင်းပါ။

ပြီးရင်တော့ မိမိကလေးရဲ့ ဖုန်းထဲမှာ Google Family Link for children & teens app ကို install လုပ်ပါ။

ပြီးရင်တော့ App ကို လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆက်လုပ်ပေးရမှာဖြစ်ပါတယ်။ ဖုန်းထဲက Google Family Link app ကို ဖွင့်ပါ။ Next ဒါမှမဟုတ် Okay ကို နှိပ်ပြီး App ကနေ ခွင့်ပြုချက်တောင်းတဲ့ permission တွေပေးဖို့နဲ့ လိုအပ်တဲ့လုပ်ဆောင်ချက်တွေအတွက် နားလည်သင့်တာတွေကို ရှင်းလင်းတင်ပြပေးပါလိမ့်မယ်။ အဲလိုတွေ လုပ်ဆောင်ပြီးရင်တော့ ဖုန်းနှစ်ခုစလုံးထဲက App တွေ တစ်ခုခုနဲ့ တစ်ခု ချိတ်ဆက်ဖို့အတွက် link code တွေ့ပါလိမ့်မယ်။ အဲဒီ code ကို မိမိကလေးရဲ့ ဖုန်း app ထဲမှာ ထည့်ပေးရပါမယ်။

မိမိကလေးရဲ့ ဖုန်းမှာ ဆက်ပြီးတော့ ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့အတွက် ကလေးဖုန်းထဲက Google Family Link app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ This Device ဆိုတာကို နှိပ်ပါ။

မိမိအနေနဲ့ စောင့်ကြည့်ဖို့လိုအပ်တဲ့ အကောင့်ကို ရွေးချယ်ပေးပါ။ အဲလိုရွေးပြီးရင်တော့ မိမိဖုန်းထဲကို ပို့ပေးထားတဲ့ Link code ကို ထည့်သွင်းပေးဖို့ တောင်းပါလိမ့်မယ်။ မိမိကလေးရဲ့အကောင့်ကို စောင့်ကြည့်နိုင်ဖို့အတွက် link code ကို ထည့်ပေးလိုက်ပါ။

ပြီးရင်တော့ Join ကို နှိပ်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ မိမိကလေးရဲ့ဖုန်းက မိဘဖုန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ်ဆိုတာကို သဘောတူလားလို့ မေးပါလိမ့်မယ်။ မိမိအနေနဲ့ ကလေးရဲ့ Gmail အကောင့်နဲ့ link ချိတ်ထားမှာဖြစ်တဲ့အတွက် Yes ကို နှိပ်ပေးပါ။ အဲလို Link လုပ်ပြီးရင်တော့ ဆက်ပြီး လိုအပ်တဲ့ လုပ်ဆောင်ချက်တွေအတွက် ခွင့်ပြုချက်တောင်းခံတဲ့ permission နဲ့ပတ်သက်တဲ့ မေးမြန်းမှုတွေကို Yes သို့မဟုတ် Next နှိပ်ပေးလိုက်မယ်ဆိုရင်တော့ မိနစ်အနည်းငယ်အတွင်းမှာ ဖုန်းအကောင့်နှစ်ခုက link ချိတ်သွားမှာဖြစ်ပါတယ်။
Google Family Link app ကို သုံးပြီး သင့်ကလေးရဲ့ Google အကောင့်ကို ဝင်ရောက်ကာ အွန်လိုင်းလုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိုလှောင်ခြင်းကို တားဆီးတာ၊ ကလေးက အသက် ၁၃ နှစ်အောက်ဖြစ်ပါက သူတို့ရဲ့ Google အကောင့်ရဲ့ Profile ဆိုင်ရာ အချက်အလက်တွေကို ဖုန်းကနေတစ်ဆင့် လိုအပ်တဲ့ တည်းဖြတ်တာတွေ ပြုလုပ်တာ၊ သင့်ကလေးရဲ့ Google အကောင့်ကိုဖျက်တာ၊ သင့်ကလေးရဲ့ App တစ်ခုကို ဒေါင်းလုပ်မချခင်၊ အွန်လိုင်း App ကနေ ငွေပေးချေမှု မပြုမီ သို့မဟုတ် သူတို့အတွက် မသင့်တော်တဲ့ သူတွေဆီက ခွင့်ပြုချက်နဲ့ ပတ်သက်တာတွေကို ကန့်သတ် သတ်မှတ်တာ၊ သင့်ကလေးရဲ့ အကောင့်ကို အသုံးပြုကာ မသင့်လျော်ဘူးလို့ ယူဆရတဲ့ Goole PlayStore မှာ အချက်အလက်တွေ ထည့်သွင်းတာ၊ သင့်ကလေးရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်တာ၊ အသုံးပြုချိန် သတ်မှတ်တာတွေနဲ့ မသုံးစေချင်တာတွေကို ပိတ်ထားတာမျိုးတွေ ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။