Xiaomi ဖုန်းတွေမှာပါတဲ့ Global ROM နဲ့ China ROM အကြောင်း

Xiaomi နဲ့ Redmi ကို အရင်ဆုံးရှင်းပါ့မယ့်။ အရင်က Redmi ဟာ Xiaomi ရဲ့ ဖုန်း Series တစ်ခုဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီလ အရောက်မှာတော့ Redmi ကို Xiaomi က Sub-brand (လုပ်ငန်းအခွဲ) အဖြစ်ခွဲထုတ်လိုက်ပါတယ်။ Redmi ကို Xiaomi က ပိုင်ဆိုင်ပါတယ်။
China အလုံးဆိုတာ ဘာလဲ…?
Xiaomi နဲ့ Redmi ဟာ တရုတ်နိုင်ငံ အခြေပြု စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်တာနဲ့ အညီ တရုတ်နိုင်ငံအတွင်းမှာပဲ အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ ဖုန်းတွေဟာ China အလုံးတွေဖြစ်ပါတယ်။
ဒါပေမယ့် ရောင်းမယ့်အခါမှာ တရုတ်မှာက အစိုးရရဲ့ မူဝါဒကြောင့် Google Services တွေနဲ့ Facebook, You Tube တို့ သုံးစွဲခွင့်မရှိပါဘူး။ ဒီတော့ တရုတ်မှာက China ROM နဲ့ ရောင်းချပါတယ်။
Global အလုံး ဆိုတာ ဘာလဲ…?
Xiaomi နဲ့ Redmi ဟာ တစ်ကမ္ဘာလုံးကို စမတ်ဖုန်းတွေ ထုတ်လုပ်တင်ပို့နေတဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်တာကြောင့် တစ်ကမ္ဘာလုံးကို တင်ပို့ဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ ဖုန်းတွေဟာ Global အလုံးတွေဖြစ်ပါတယ်။
Xiaomi ဖုန်းတွေက တရုတ်မှာပဲ ရောင်းချတဲ့ ဖုန်း Model ကလွဲရင် ကျန်တဲ့ Model တွေအကုန်လုံး Global အလုံး Global ROM ဆိုပြီး ရှိပါတယ်။ ဘာကွာလဲမေးရင် ROM ပဲ ကွာပါတယ်။ ကျန်တဲ့ Design, Hardware နဲ့ Built Quality က China အလုံးများနှင့်အတူတူပါပဲ။ 
.
ဒီတော့ China ROM နဲ့ Global ROM မှာ ဘာကွာလဲဆိုရင် အလွယ်ပြောမယ်ဆို  Google Services ပါတာနဲ့မပါတာလို့အကြမ်းဖျဉ်းပြောလို့ရပါတယ်။ တရုတ် Applications အချို့ ပါတာနဲ့ မပါတာပဲ ကွာခြားပါတယ်။ ဘယ်ဟာကောင်းလဲကတော့ သုံးမယ့်သူအပေါ် မူတည်ပါတယ်။
Xiaomi တို့က တရုတ် Company ဖြစ်လေတော့ China ROM မှာက Features တွေ ပိုစုံပြီး MIUI ရဲ့ အရသာကို ပိုမိုခံစားရပါတယ်။ Update ပေးတဲ့အခါမှာလည်း တရုတ် Company ဖြစ်တာမို့ China ROM နဲ့ဖုန်းတွေကို ဦးစားပေးပြီး အရင်ဆုံး Update ရရှိပါတယ်။ ပြီးမှ Global ROM တွေက ရရှိတာပါ။
China အလုံးနဲ့ Global အလုံးမှာ သူသာ ကိုယ်သာ အားသာချက် အားနည်းချက် ကြီးကြီးမားမားတော့ မရှိပါဘူး။ နှစ်ခုလုံးက သူ့ဟာနဲ့သူ ကောင်းတယ်လို့ ဆိုရမှာပါ။
China အလုံးကနေ Global အလုံးဖြစ်အောင် ပြောင်းလို့ရသလား…?
ဟုတ်ကဲ့ Hardware တွေကအတူတူပဲ ဖြစ်ပြီး Software ပဲ ကွာတာဖြစ်လို့ ပြောင်းလို့ရပါတယ်ဖုန်းမော်ဒယ်တော်တော်များများ  ပြောင်းလို့ရပါတယ်။ပြောင်းလို့မရတဲ့ အချို့မော်ဒယ်များလဲရှိပါတယ်။။ အချိန်အနည်းငယ်တော့ ပေးရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ China အလုံး အရင်ထွက်ပြီးမှ Global အလုံးက ထွက်တာဖြစ်လို့ပါ။
လူတွေပြောပြောနေတဲ့ Beta တို့ Stable တို့ ဆိုတာကရော…?
တစ်ချို့တွေက Global လား Stable လား ဆိုပြီးတော့ မေးလေ့ရှိကြပါတယ်။
တကယ်တော့ အဲတာမှားပါတယ်။ ပြန်ရှင်းပြပေးပါ့မယ်။
Beta ဆိုတာကတော့ "စမ်းသပ်ဆဲ" လို့ အဓိပ္ပာယ်ရပါတယ်။
Stable ဆိုတာကတော့ "တည်ငြိမ်သည်" လို့ အဓိပ္ပာယ်ရပါတယ်။
Xiaomi နဲ့ Redmi ရဲ့ ဖုန်းတွေမှာ Android ကို အခြေခံထားတဲ့ သူတို့ရဲ့ MIUI ဆိုတာကို ထည့်ထားပါတယ်။
အဲတာတွေက အဲ့ဒီဖုန်းတွေရဲ့ MIUI အခြေအနေကို ဖော်ပြတာဖြစ်ပါတယ်။
Global အလုံးမှာရော China အလုံးမှာရော Beta နဲ့ Stable ဆိုပြီး နှစ်မျိုးထပ် ရှိတာဖြစ်ပါတယ်။
ဒီလောက်ဆိုရင် ရှုပ်နေတာလေးတွေ ရှင်းသွားမယ်လို့မျှော်လင့်ပါတယ်။

<အချို့အကြောင်းအရာများကို Anycall Mobile Page မှ ကူးယူဖော်ပြပြီး၊ အချို့အကြောင်းအရာများသည် Myanmar Xiaomi Fans Group မှ ကိုးကားဖော်ပြပါသည်>
 



ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511

ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511