Samsung Broken Phone Data Back & Restore
Samsung Phone တွေ အကြောင်းကြောင်းကြောင့် ဖုန်းမှန်ကွဲသွားတဲ့ အချိန်မျိုးမှာပဲ ဖြစ်ဖြစ်၊ ရုပ်မထွက်တော့တဲ့ အချိန်မျိုးမှာ Samsung ဖုန်းအတွင်းထဲက Data တွေ Back & Restore လုပ်နည်း။
- Samsung Phone တွေ အကြောင်းကြောင်းကြောင့် ဖုန်းမှန်ကွဲသွားတဲ့ အခာမျိုးမှာပဲ ဖြစ်ဖြစ်၊ ရုပ်မထွက်တော့တဲ့ အချိSamsungန်မျိုးမှာ ဖုန်းအတွင်းထဲက Data တွေ Back & Restore ဒီနည်းလေးနဲ့ အဆင်ပြေစေပါတယ်။ ADB သိစရာ ဘာညာ ဘာမှမလိုပါဘူး။ ဖုန်းကို ကွန်ပျုတာနဲ့ ချိတ်ဆက်ပေးရုံပါပဲ။
- ဒီနည်းက Samsung All Model တော့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူးဗျာ။ ဟိုးအရင်ကထွက်ရှိထားတဲ့ Samsung Model တွေ တော်တော်များများ အဆင်ပြေပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဒီနည်းသုံးလာတာကြာပါပီ။
- တစ်ဆင့်ချင်းဆီကို ပုံနှင့်တကွ ရှင်းပြထားပေးပါတယ်။ လိုက်ပြီး လေ့လာကြည့်ရအောင်။
ကွန်ပျူတာအတွက် လိုအပ်တာကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားပါ။ Samsung က ထုတ်ပေးထားတဲ့ Kies3 လေးပါ။
Kies3 ဒေါင်းရန် - နှိပ်ပါ။

- အခုလိုအနေထားမှာ ဖုန်းထဲက ဒေတာတွေ Backup လုပ်ဖို့အတွက် ကွန်ပျူတာမှာ အပေါ်မှာ လင့်ချထားပေးတဲ့ Kies3 လေးကို ဒေါင်းပြီး ကွန်ပျူတာမှာ Install မောင်းထားပေးပါ။

- ပထမဆုံး အနေဖြင့် Kees3 ကိုဖွင့်ပါ။

- Kies3 ဖွင့်ပြီးလျှင် ဖုန်းနှင့် ကွန်ပျူတာနှင့် ချိတ်ဆက်ပါ။

- ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်သွားပါပြီ။ အဲဒီချိန်မှာ မိမိ Backup ပြုလုပ်မယ့် အပိုင်းလေးတွေကို အမှန်ခြစ် ခြစ်ပြီး ထုတ်ယူနိုင်ပါပြီ။

- အရေးကြီး ဒေတာတွေကို ပြန်လည် Backup ယူလို့ ရပါပြီ။

- Backup ယူလို့ ပြီးပါပြီ။

- ဖုန်းနံပါတ် ၊ မက်ဆေ့ ၊ တင်မက မိမိယူလို့တဲ့ ဒေတာတွေကိုလဲ File Manager ထဲကနေ တစ်ဆင့် ယူလို့ရပါသေးတယ်။

- Backup ပြုလုပ်ထားပြီး အခြား Samsung ဖုန်းတစ်လုံးထဲကို ပြန်လည် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ထည့်သွင်းရမယ့် ဖုန်းကို ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်ပါ။

- Kies3 ထဲမှ Backup & Restore ထဲသို့ သွားပါ။ Restore ကို နှိပ်လိုက်ပါ။ နောက်ထပ် ချိတ်ဆက်ထားတဲ့ ဖုန်းထဲကို ထည့်သွင်းပေးနေပါလိမ့်။

- ကွန်ပျူထဲသို့ Backup ပြုလုပ်ထားသော ဖုန်းအဟောင်းထဲမှ ဖိုင်များအား ဖုန်းအသစ်တစ်လုံးထဲသို့ Restore လုပ်ခြင်း ပြီးဆုံးပါပြီ။

- ကွန်ပျူတာမှ ထည့်သွင်းပေးလိုက်သော ဖိုင်များအား စနစ်တကျ ပြန်လည့်ထည့်သွင်းနေပြီ ဖြစ်ပါတယ်။
- အခုပြောပြခဲ့တဲ့အတိုင်း လုပ်ဆောင်ရာမှာ အခက်အခဲ တစ်စုံတစ်ရာ ဖြစ်နေပါက ကျွန်တော်တို့ ရဲ့ ဆိုင်ကို ဖုန်းဆက်လို့ ရသလို ၊ Facebook Page ကနေလဲ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ဗျ။