Smart Phone စွဲလမ်းမှုကို ထိန်းချုပ်စေနိုင်ဖို့ Xiaomi ရဲ့ အသုံးဝင် Screen Time Setting

တိုးတက်လာသော နည်းပညာများ နှင့်အတူ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ဖုန်းဟာ မရှိမဖြစ်လာတဲ့ အသုံးအဆောင်တစ်ခု ဖြစ်လာနေပါပြီ။ သတင်း အချက်အလက်တွေ ၊ ဆက်သွယ်ရေးတွေ ၊ ဈေးဝယ်တာတွေ စတာတွေကိုပါ ဖုန်းထဲမှာပဲ ပြုလုပ်လို့ ရနေပါပြီ။ တိုးတက်လာမှု နှင့်အတူ ကောင်းမွန်တဲ့ အရာတွေလဲ များစွာရှိပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ထိခိုက်လာစေတဲ့ စမက်ဖုန်း စွဲလန်းစွာ အသုံးပြုလာမှု စတဲ့ ပြသနာလေး ရှိလာခဲ့ပါတယ်။ အဲဒါကို ထိန်းချုပ်နိုင်စေဖို့ Google က Digital Wellbeing ဆိုတာကို မိတ်ဆက်ပေးခဲ့ ပါပြီ။အခုဒီ Screen Time ဆိုတာလေးကလဲ Google ရဲ့ Digital Wellbeing ကို အခြေခံထားတယ်လို့ ပြောလို့ရပါတယ်။



Screen Time ကို MIUI 10 ( Android Version - 9 ) စတင်ထည့်သွင်းပေးတာ ဖြစ်ပါတယ်။ ဒါကိုတော့ Screen Time ဆိုတဲ့ Feature လေးကို Setting ထဲမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ App တစ်ခုအနေနဲ့ အသုံးပြုလို့ ရအောင်လဲ Home Screen ကို Shortcut အနေနဲ့ ထုတ်ထားလို့ ရပါတယ်။



တစ်နေ့တာ ဖုန်း အသုံးပြုထားတဲ့ အချိန်တွေ ၊ Notification ရရှိတဲ့ အကြိမ်ရေ ၊ ဖုန်းကို ဘယ်နှကြိမ် Unlock ပြုလုပ်သလဲ ဆိုတာကို ဖော်ပြပေးပါတယ်။ နောက်ပြီး နာရီအတော်ကြာအောင် အသုံးပြုတက်တဲ့ Application တစ်ခုဆီတိုင်းကိုလဲ အချိန် အကန့်အသတ် သတ်မှတ်ပေးလို့ ရပါတယ်။ ဥပမာ - Facebook အသုံးပြုချိန် Timer ကို ၃နာရီသတ်မှတ်ထားရင် တစ်နေ့တာအတွက် Facebook အသုံးပြုချိန်၃နာရီ ရရှိမှာဖြစ်ပီး ၊ ၃နာရီ ပြည့်ပါက Facebook app ဟာ မှိန်သွားပီး တနေ့ အတွက်အသုံးလို့ မရနိုင်တော့ပါဘူး။



Screen Time Setting ထဲကို ဝင်လိုက်တာနဲ့ တစ်နေ့တာ ဖုန်းကို ဘယ်လောက်ကြာအောင်အသုံးပြုထားတယ် ဆိုတာကို ပြထားပေးပါတယ်။ ဖုန်းကို ဘာအတွက် ဘယ်လောက်ကြာကြာသုံးထားလဲ ဆိုတာကို ရာခိုင်နှုန်းအလိုက် ခွဲပြထားပါသေးတယ်။ အသေးစိပ်တွေကိုတော့ အောက်က View Detailed Stats ထဲမှာ ကြည့်လို့ ရပါတယ်။ Application တွေကို ဘယ်လောက်ကြာအောင် အသုံးပြုထားတယ် ၊ Screen Unlocks ဘယ်နှကြိမ်လုပ်ထားတယ် ၊ Notification ဘယ်လောက်ဝင်ထားတယ် ဆိုတဲ့ screen ကို တွေ့ရမှာ ဖြစ်ပါတယ် ။



ဒီနေ့ ဖုန်းကို ဘယ်လောက်ကြာကြာ အသုံးပြုတယ် ဆိုတာကိုဖော်ပြထားပါတယ်။ ပြီးတော့ မနေ့က ထက်ပိုကြာကြာ အသုံးပြုတယ် ၊ ဘယ်လောက်နည်းတယ် ဆိုတာကိုပါ နှိုင်းယှဉ်ပြထားပါသေးတယ်။ တစ်နေ့တာလုံးမှာ ဖုန်းစခရင်ကို ဘယ်နှစ်ကြိမ်ဖွင့်တယ် ၊ တစ်နာရီကို ဘယ်နှစ်ကြိမ်နှုန်း ကိုပါ ပျမ်းမျှတွက်ချက်ပေးပါတယ်။ ဒါ့အပြင် (၇) ရက် တစ်ပတ်တာလုံး ၊ တစ်လတာလုံးမှာ ဘယ်လောက်သုံးခဲ့တယ် ဆိုတာကို ဇယားလေးနဲ့ ပြပေးပါတယ်။



ပြီတော့ Focus Mode ဆိုတဲ့ လုပ်ဆောင်ချက်လေးလဲ ပါဝင်ပါတယ်။ ဒါလေးက OnePlus ဖုန်းတွေမှာ ပါဝင်တဲ့ ZenMode နဲ့ ဆင်တူပါတယ်။ အတိုချုပ်ပြောရရင် သူက သင့်ရဲ့ဖုန်းကို အချိန်အတိုင်းအတာ တစ်ခုထိ အသုံးပြုမယ့် လုပ်ဆောင်ချက်တွေကို ပိတ်ထားပေးမှာ ဖြစ်ပါတယ်။



သင်ဟာ Focus Mode ကို ဖွင့်ထားလိုက်မယ် ဆိုရင် သင့်ရဲ့ ဖုန်းမှာ ဘာမှအသုံးပြုလို့ မရတော့ပါဘူး။ဘာမှသုံးမရတော့ဘူးလို့ ပြောလိုက်လို့ စိုးရိမ်စိတ် ဖြစ်မသွားပါနဲ့။ ဖုန်း အဝင်ကော ကိုတော့ လက်ခံဖြေကြားလို့ ရပါတယ်။ အရေးပေါ် မှတ်တမ်းတင် ပုံရိုက်ဖို့ ကင်မရာကိုတော့ ခွင့်ပြုပေးထားပါတယ်။ ပုံကိုရိုက်ပြီး Sharing လုပ်ဖို့တော့ ခွင့်ပြု ပေးမထားပါဘူး။

ဖုန်းလက်ခံပြောဆိုခြင်းနှင့်ဓာတ်ပုံရိုက်ခြင်းများ မှလွဲ၍ သင်ရဲ့ ဖုန်းဟာ အခြားဘာမှ အသုံးပြုလို့ ရနိုင်မှာ မဟုတ်ပါဘူး။ ဖုန်းက ပါဝါတော့ ပွင့်နေတဲ့ အနေထားပါ ၊ ဒါပေမယ့် Application တွေ သုံးတာမျိုး ၊ စာတို ပေးပို့တာတွေ ၊ ဖုန်းခေါ်ဆိုမှုတွေ ဘာမှ သုံးလို့ မရတော့ပါဘူး။ Emergency Call ကနေတော့ ခေါ်ဆိုလို့ ရနိုင်ပါတယ်။

 

 


ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511

ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511