Gallery ထဲက မှားဖျတ်မိတဲ့ ပုံလေးတွေ ပြန်ယူကြမယ်......

Xiaomi ဖုန်းတွေမှာ Gallery ထဲကနေ Photo / Video တွေ ဖျတ်တဲ့အခါ အပြီးတိုင် ပျက်မသွားသေးပါဘူး။ မှားဖျတ်မိတာမျိုးတွေအတွက် တစ်လအတွင်း ပြန်ပြီး Restore လုပ်ပြီး ပြန်ယူလို့ရပါတယ်။ ကွန်ပျူတာ တွေမှာ Recycle Bin သဘောမျိုးပါ။ သူ့မှာတော့ Trash Bin ပါ။ Gallery ထဲက ဖျတ်သမျှပုံတွေ အားလုံး ဒီ Trash Bin ထဲ ရောက်ရှိသွားတာပါ။ အဲဒါလေးတွေကို ပြန်ပြီး Restore လုပ်ပြီး ပြန်ယူလို့ ရပါတယ်။

 

Trash Bin ထဲ ဘယ်လိုသွားရမလဲ....


-  Gallery ရဲ့ ညာဖက် အပေါ်ဒေါင့် အစက်သုံးစက်လေးကို နှိပ်ပါ။

-  Trash Bin ကိုဝင်လိုက်ရင် ကိုယ်ဖျတ်ထားမိတဲ့ ပုံတွေ Video တွေ ရှိနေမှာ ဖြစ်ပါတယ်။

-  မိမိပြန်ယူလိုတာလေးတွေကို ရွေးပြီး Restore လုပ်ပေးလိုက်ပါ။

 

'' Trash Bin ကို အသုံးပြုဖို့ကတော့ ဖုန်းထဲမှာ MI Account ထည့်ထားဖို့တော့ လိုပါတယ် ''

 

တစ်ကယ်မလိုလို့ ဖျတ်ထားတာဆိုရင်လဲ ဒီထဲမှာ သွားပြီး နောက်တစ်ဆင့် ထပ်ဖျတ်ပေးပါ။ အဲဒါမှ အပြီးတိုင် ပျက်သွားတာပါ။ မလိုအပ်ပဲ ဖုန်း Storage  အလကား ဖြစ်တက်ပါတယ်။ ဖျတ်ထားတဲ့ ဖိုင်တွေကို တစ်ဆင့်သိမ်းပေးထား ရတာကြောင့်ပါ။

Trash Bin ရဲ့ လုပ်ဆောင်ချက်က Gallery ထဲက Delete လုပ်မိတာတွေကိုပဲ သူ့ထဲမှာ သိမ်းထားပေးတာပါ။ File Manager ထဲက ဖျတ်ရင်တော့ ဒီထဲမှာ ကျန်မနေပါဘူး။ ဖိုင်ထဲက ဖျတ်ထားမိတဲ့ ပုံ ၊ ဗီဒီယိုတွေ ပြန်ယူဖို့ကတော့ နောက်ထပ် ပို့စ် သက်သက် တင်ပေးပါမယ်။

 



ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511

ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511