Nok Air လေကြောင်းလိုင်းလေယာဉ်ပေါ်တွင် ၀ိုင်ဖိုင်အခမဲ့အသုံးပြုနိုင်

 

လေယာဉ်ပျံသန်းနေစဉ် အခမဲ့ဝိုင်ဖိုင် အင်တာနက်စနစ် ကို အသုံးပြုနိုင်ပြီဟု ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်း လိုင်းက ဇန်န၀ါရီ ၂၂ ရက်တွင် ကြေညာသည်။

ဂြိုဟ်တုဆက်သွယ်ရေး စနစ်ကို အခြေခံ၍ လေယာဉ်ပေါ် တွင် ၀ိုင်ဖိုင်စနစ်ထုတ်လွှင့်ပေး ခြင်းဖြစ်သည်။ ခရီးသည်များ ခါးပတ် ဖြုတ်ထားနိုင်ကြောင်း အချက်ပေးသံ ထွက်ပေါ်လာသည့် အခါ ၀ိုင်ဖိုင်စတင်အသုံးပြုနိုင် ကြောင်း Nok Air ပြန်ကြားရေး တာဝန်ခံ မစုစုထွေးက ပြောသည်။


ဝိုင်ဖိုင်အင်တာနက်ကွန် ရက်ကို လေယာဉ်တိုင်းတွင် ၀န် ဆောင်မှုပေးအပ်ထားခြင်းမဟုတ် ကြောင်း၊ Free Wifi အမှတ်တံ ဆိပ်ပါရှိသည့် လေယာဉ်ပေါ်တွင် အင်တာနက်စနစ် အသုံးပြုနိုင် ကြောင်း Nok Air အထွေထွေ မန်နေဂျာ Mr.Sattrulee က ပြော သည်။

ဂြိုဟ်တုကွန်ရက်ကို ထိုင်း နိုင်ငံတွင် အခြေပြု၍ လေယာဉ် ၀ိုင်ဖိုင်ကွန်ရက်ကို ၀န်ဆောင်မှု ပေးအပ်ခြင်းဖြစ်သဖြင့် ထိုင်းနိုင်ငံနယ်နိမိတ်နှင့် အလှမ်းကွာလာသည့်အခါ ၀န်ဆောင်မှုရရှိမည်မဟုတ်ကြောင်း ၎င်းကပြောသည်။

စမတ်ဖုန်းများအတွက် Flight Mode ပြောင်းလဲ၍ Nok Air က ၀ိုင်ဖိုင်အင်တာနက်စနစ်ကို အသုံးပြုခွင့် ပေးခြင်းဖြစ်သည်။ လေယာဉ်ပျံသန်းနေစဉ် မိုဘိုင်း ဆက်သွယ်ရေးကွန်ရက်ကြောင့် လေယာဉ်ဆက်သွယ်ရေးစနစ်ကို အနှောင့်အယှက် မဖြစ်စေရန် Flight Mode နည်းပညာကို ဟွာ ဝေးကုမ္ပဏီက တီထွင်ခဲ့သည်။

Nok Air သည် ရန်ကုန်- ဘန်ကောက်၊ ရန်ကုန်-ဟနွိုင်းနှင့် ရန်ကုန်-မဲဆောက် ခရီးစဉ်များပြေးဆွဲနေသည်။ ‘‘တစ်ပတ်ကို ထိုင်းကနေခရီးသည် ၁၀၀ လောက်အထိလာနေပါတယ်’’ဟု Mr. Sattrulee က ပြောသည်။




Source : 7 Day Daily


ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511

ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511