Mi Mover Application လေးအကြောင်း သိကောင်းစရာ
ဖုန်း တစ်လုံးနဲ့ တစ်လုံး အချက်အလက်တွေ Sharing App လေးတွေ အမျိုးမျိုး သုံးပြီး ဒေတာလေးတွေ ကူးကြပါတယ်။ အဲလိုကူးကြတဲ့ အချိန်မှာ ဓာတ်ပုံ ၊ ဗီဒီယို ၊ ဖုန်းနံပါတ် ၊ လိုအပ်တဲ့ ဖိုင်များ စတာတွေပေါ့။ အသုံးအများဆုံးကတော့ Zapya Apk ပေါ့။ သာမန် အသုံးပြုချိန်မှာ ကူးကြတဲ့ အခါမှာ သိပ်ပြီး မသိသာလှပေမယ့်။ ဖုန်းအသစ် တစ်လုံးပြောင်းကိုင်တဲ့ အချိန်မှာတော့ သိသိသာသာ ကွဲပြားသွားပါပြီ.......
ဘာလဲဆိုတော့ ဖုန်းအဟောင်းထဲက အချက်အလက် အထားအသို အတိုင်း ဖုန်းအသစ်မှာ လိုချင်ကြပါတယ်။ အဲဒါကို Zapya က လုပ်ဆောင်ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ကဲ ဒီအချိန်မှာ MI Mover ရဲ့ အပိုင်း ရောက်လာပါပြီ။ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ဖုန်းအဟောင်းထဲက အချက်အလက် အထားအသို အားလုံးကို ဖုန်းအသစ်ထဲသို့ ပြောင်းရွေ့ ပေးနိုင်ပါတယ်။ ဓာတ်ပုံ ၊ ဗီဒီယို ၊ ဖုန်းနံပါတ် ၊ လိုအပ်တဲ့ ဖိုင်တွေတင် မကပါပဲ သူက ဖုန်းအဟောင်းထဲမှ ရိုက်ထည့် မှတ်သားထားသော အကောင့်ပိုင်းဆိုင်ရာ Password များ ၊ Note ထဲမှာ မှတ်သားထားသော စာတွေ ၊ မှတ်စုတွေအပြင် ဖုန်းရဲ့ Setting ပိုင်းဆိုင်ရာတွေကို ပါ တိတိကျကျ ပြန်လည် ထည့် သွင်းပေးနိုင်တဲ့ အထိပါပဲ .....
ကဲ သူ့ကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို ပြောပြကြရအောင်.....
Mi Mover မှာ I'm a Sender နဲ့ I'm a Recipient ဆိုပြီး အခေါ်အဝေါ်နှစ်ခုရှိပါတယ်။ Sender ဆိုတာကတော့ မိမိတို့ရွှေ့ချင်တဲ့ data တွေရှိတဲ့ လက်ရှိသုံးလက်စ ဖုန်းအဟောင်းပါ။ Recipient ဆိုတာကတော့ ဖုန်းအဟောင်းကနေ sent လုပ်သမျှ လက်ခံမယ့် ဖုန်းအသစ်ပါ။ Mi Mover အလုပ်လုပ်တာကတော့ WiFi connection နဲ့ပဲအလုပ်လုပ်သွားတာပါ။ လက်ခံမယ့်ဖုန်း (Recipient) က WiFi HotSpot Auto လွှင့်ပေးသွားပြီး ပို့မယ့်ဖုန်း (Sender) က ချိတ်ဆက်လို့ မိမိတို့ လိုတာတွေ အကုန်ရွှေ့ခိုင်းသွားတာပါ။
ကဲ စပြီး ချိတ်ဆက်ကြရအောင်.......
ဒေတာတွေ လက်ခံမည့်ဖုန်းမှာ ပထမဦးဆုံး MI Mover ကို ဖွင့်ပါ။

- ပထမဦးဆုံး ဒေတာတွေလက်ခံမယ့်ဖုန်းမှာ MI Mover ကို ဖွင့်ပြီး I'm a Recipient ဆိုတဲ့ စာသားကို နှိပ်ပါ။

- လက်ခံမည့် ဖုန်းမှာ I'm a Recipient ဆိုတဲ့ စာသားကို နှိပ်ပြီးလျှင် Data တွေ ပို့မည့် ဖုန်း အမျိုးအစားကို ရွေးပါ။ မိမိပို့မယ် ဖုန်း အမျိုးအစားကို ရွေးပါ။
Xiaomi ဖုန်းအချင်းချင်းဆိုလျှင် Function အပြည့်အဝ လုပ်ဆောင်မည် ဖြစ်ပြီး အခြားသော Android ဖုန်း ဒါမှမဟုတ် I Phone ဖြစ်ပါက အချို့သော အချက်အလက်လေးများ ကျန်ခဲ့နိုင်ပါတယ်။ ( ဥပမာ - Phone Setting / Note / Account Password , etc.....)

- ချိတ်ဆက်မယ့် ဖုန်းအမျိုးအစား ရွေးချယ်ပြီးပါက လက်ခံမယ့် ဖုန်းက ကိုယ်ပိုင် WiFi HotSpot Auto လွှင့်ပေးသွားပြီး ချိတ်ဆက်ဖို့ အဆင်သင့် ဖြစ်ပါပြီ.........
- ဒါဆိုရင် ဒေတာ အချက်အလက် လက်ခံမယ့် ဖုန်းက ပြင်ဆင်ဖို့ ပြီးပါပြီ

- ဒေတာတွေ ပို့မယ့် ဖုန်းမှာကတော့ MI Mover လေးကိုဖွင့်ပြီး I'm a Sender ကို နှိပ်လိုက်ပါ။

- I'm a Sender ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ လက်ခံမယ့်ဖုန်းက လွှင့်ထားတဲ့ Wifi ကို ရှာပါတော့တယ်။ မိမိချိတ်ဆက်မယ့် ဖုန်းမော်ဒယ် ကိုတွေ့လျှင် ချိတ်ဆက်လိုက်ပါ။
စမ်းပြထားတဲ့ ဖုန်းကတော့ Xiaomi MI CC9e ပါ။

- ချိတ်ဆက်ဖို့ ဖုန်းမော်ဒယ်ရွေးပြီး ချိတ်ဆက်သွားပါက အထက်ပါ ပုံအတိုင်း ပြပါလိမ့်မယ်။ အဲဒိချိန်မှာ မိမိ ပို့ပေးချင်တဲ့ ဒေတာလေးတွေ ရွေးပြီး Send ကို နှိပ်ပေးလိုက်ပါ။

- ပို့မှာသေချာလား မေးတာပါ။ Got it လေးကို နှိပ်ပေးလိုက်ပါ။

- စတင် ပို့နေပါပြီ။

- လက်ခံမယ့် ဖုန်းမှာလဲ စတင်လက်ခံနေပါပြီ။
- မိမိ ပေးပို့တဲ့ ဖိုင်ဆိုဒ် အပေါ်မူတည်ပြိး ပို့ချိန်နဲ့ ပြန်ပြီး Restore လုပ်ချိန် ကွာခြားနိုင်ပါတယ်။

- ကဲ ပို့ပေးမှုနဲ့ ၊ ပြန်လည် Restore မှု ပြီးပါပြီး။
Download Link - MI Mover Application ဒေါင်းရန် နှိပ်ပါ။