ထိပ်တန်း Smartphones Chipset တွေအကြောင်း (Planet X မှ ကူးယူဖော်ပြသည်)

ထိပ်တန်း Smartphones Chipset တွေအကြောင်း

နာမည်ကြီး Company တွေဖြစ်တဲ့ Apple, Samsung နဲ့ Huawei တို့မှာ ကိုယ်ပိုင် Chipset တွေရှိတယ်၊ ဥပမာ - Apple ဆိုရင် သူ့ iPhone, iPad, iPod တို့အတွက် A9, A10, A11 စသဖြင့် Chipset တွေရှိတယ် အဲ့လိုပဲ Samsung ဆိုရင် Exynos Chipset တွေ, Huawei ဆိုရင် HiSilicon Kirin Chipset တွေ စသဖြင့် ကိုယ်ပိုင် Chipset တွေရှိကြပါတယ်၊ အခုနောက်ပိုင်းဆို Xiaomi လည်း Surge S1/S2 ဆိုတဲ့ ကိုယ်ပိုင် Chipset ကိုထုတ်နေပြီဆိုတော့ သူလည်း ကိုယ်ပိုင် Chipset ရှိတဲ့ Company တစ်ခုပါပဲ၊ အိုကေ Chipset မရှိတဲ့ ဖုန်း Company တွေအတွက်ကျတော့ ဘယ်ကယူသုံးလဲဆိုရင်??? Qualcomm နဲ့ MediaTek ကနေယူသုံးရပါတယ်၊ Qualcomm နဲ့ MediaTek က Chipset တွေပဲ သီးသန့်ထုတ်တဲ့ Company တွေပါ၊ Qualcomm ကတော့ USA အခြေဆိုက် Company တစ်ခုပါ၊ MediaTek ကတော့ China ပေါ့၊ ဒီနေရာမှာ စာရေးသူပြောချင်တာက အမြန်ဆုံးနဲ့ အကောင်းဆုံး နောက်ဆုံးပေါ် Chipset ၃ ခုကိုပြောပြသွားမှာပါ၊ အရင်ဆုံး Apple ကနေစလိုက်မယ်...

A11 Bionic Chipset အကြောင်း...

A11 Bionic Chipset က Apple ရဲ့ နောက်ဆုံးပေါ်ဖုန်းတွေမှာသုံးထားတဲ့ Chipset ပါ၊ အခြား ကျွန်တော်နဲ့ တစ်ခရီးထဲသွား Page တွေကလည်း iPhone 8, 8 Plus and X အကြောင်းရေးပြီးတာ ပြည့်စုံနေပြီဆိုတော့ အဲ့ဖုန်းတွေမှာ သုံးထားတဲ့ A11 Bionic ကိုဘယ်လိုတည်ဆောက်ထားလဲဆိုတော့...

A11 Chip ကို Apple ကိုယ်တိုင်ဦးစီးပြီး TSMC ကထုတ်လုပ်တာပါ၊ TSMC ဆိုတာ Taiwan Semiconductor Manufacturing Company, Limited ပါ၊ ထို Company က Apple အပြင် Qualcomm, Nvidia, AMD, MediaTek, etc စတဲ့ Company တွေအတွက် Semiconductor တွေကို ထုတ်လုပ်ပေးတာပါ၊ 2011 ကစပြီး Apple အတွက် A5 Chip ကနေ စထုတ်ပေးခဲ့တာ အခု ဆို 7 နှစ်မြောက်မှာ A11 Bionic ကိုကြမ်းစေခဲ့ပါတယ်၊ A11 Bionic မှာ High-Performance Core 2 ခု နဲ့ Energy-Efficient Core 4 ခု ပါဝင်ပါတယ်၊ အရင် A10 Fusion မှာ High-Performance 2 ခု Energy-Efficient 2 ခုပဲ ပါတယ်ဆိုတော့ A11 က Energy-Efficient ဘက်မှာ 2 ခုပိုပါတယ်၊ အဲ့လို အပိုပါတဲ့အပြင် 2 High-Performance ဘက်မှာ 25%, 4 Energy-Efficient ဘက်မှာဆိုရင် 70% A10 ထက် ပိုမြန်ပါတယ်၊

Designed ပိုင်းမှာ ဆိုရင် 64bit ARMv8-A Six-Core CPU ဖြစ်ပြီး 2 High-Performance ဘက်မှာဆိုရင် clock-speed 2.39GHz ရှိပါတယ်၊ A11 Chip မှာ 3 Core GPU ကိုပါပေါင်းစပ်ထားပါတယ်၊ 30% A10 ထက်ပိုမြန်ပါတယ်၊ GPU ကိုတော့ သိပြီးသားထင်ပါတယ် အခြေခံအားဖြင့် သူက Gaming တွေအတွက်ပေါ့၊ A10 ထိမှာ သူ့ရဲ့ GPU ​တွေအဖြစ်​ Imagination Technologies ကထုတ်​တဲ့ PowerVR ကိုသုံးစွဲ​ခဲ့​ပေမယ့်​ A11 မှာ​တော့ ကိုယ်​ပိုင်​ GPU (နာမည်မပေးထား) နဲ့ပွဲထွက်​လာခဲ့ပါတယ်​၊ အဲ့အပြင် M11 Motion-Coprocessor ကိုပါ ထည့်သွင်းထားတယ်၊ Motion-Coprocessor က ဘာအတွက်လဲဆိုရင် သူက accelerometer, gyroscope, compass, barometer အပြင် microphone က နေ Siri ကို လှမ်းအမိန့်ပေးတဲ့အခါ မှတ်ယူအလုပ်လုပ်ဖို့အတွက်ပါ၊ Health App ကိုသုံးတဲ့အခါ Walking, Running, Driving and Sleeping တွေကိုလည်း M Processor ကပဲအလုပ်ပါတာပါ၊ အရင် iPhone တွေမှာလည်း ပါပြီးသားပါ ဒီ A11 Bionic မှာ ပိုကောင်းအောင်လုပ်ထားတာပါ၊ နောက်တစ်ခု ဓာတ်ပုံရိုက်တဲ့အခါမှာ သုံးတဲ့ Image Processor လည်းပါဝင်ပါသေးတယ်၊

နောက်ထပ် အကြမ်းတစ်ခုကတော့ Apple က Neural Engine လို့အမည်ပေးထားတဲ့ Neural Network Hardware ပါ၊ သူက 1 Sec ကို 600 billions Operations တွေလုပ်နိုင်ပါတယ်၊ သူကို Face ID, Animoji (မျက်နှာကို 3D Scan ဖတ်ပြီး Emoji လေးတွေကို ကိုယ့်မျက်နာအတိုင်း လိုက်လှုပ်ခိုင်းတာ), Machine Learning (အလိုအလျောက် သင်ယူတာမျိုး၊ ဥပမာ Face ID ကို အသုံးပြုတဲ့အခါ မျက်နာရဲ့နေ့စဉ် ပြောင်းလဲမှုတွေကိုလေ့လာရင် မှတ်ပေးထားတာမျိုးပါ) စတဲ့ Task တွေမှာ သုံးပါတယ်၊ ပြောရင် Neural Engine အလုပ်လုပ်ပုံက AI နဲ့တူပါတယ်။ လောလောဆယ်တော့ Apple က A11 ကို iPhone 8, 8 Plus , X တို့မှာ သုံးထားပြီးပီး နောက်ထွက်လာမဲ့ iPad တွေအတွက် သုံးဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ တစ်ချို့ Benchmark တွေအရ A11 Bionic ဟာ MacBook Pro 2017 intel Core i5 7th Gen ထက်တောင် သာလွန်တယ်လို့ပြောနေကြပါတယ်၊ ဒါကတော့ တစ်ကယ်လက်တွေ့မှာ ယှဉ်သုံးကြည့်မှာသိရမှာပါ၊ သေချာတာတစ်ခုကတော့ Hardware အကြမ်းခံမှုပိုင်းမှာ အားနည်းနေပေမဲ့ Performance ပိုင်းမှာဆိုရင် Apple က ခေတ်ရှေ့ပြေးနေပါပြီ၊

Samsung Galaxy S9 နဲ့ Xiaomi Mi7 တိုမှာ အစောဆုံးမြင်တွေ့နိုင်တဲ့ Snapdragon 845 အကြောင်း...

Snapdragon ရဲ့ လမ်းကြောင်းဟာ တဖြည်းဖြည်းကျယ်လာပါပြီ၊ Smartphone တွေရဲ့ CPU လောကတင်မဟုတ် အခုဆို Laptop တွေရဲ့ CPU တွေမှာပါ နေရာတဖြည်းဖြည်းယူလာပါပြီ၊ 2018 မှာ ထွက်မဲ့ Highend Smartphone မှာသုံးမဲ့ Snapdragon 845 ဟာ Apple A11 Bionic ထက်သာလွန်နိုင်မလားဆိုတာ ဆက်ဖတ်ကြည့်ရအောင်...

Snapdragon 845 Chipset မှာ X20 LTE modem ကိုသုံးထားပါတယ်၊ ဆိုတော့ Download Speed က 1.2 Gbps Upload Speed ကတော့ 150 Mbps အထိရမှာပါ၊ (Bill လည်းအတော်ကုန်မှာပဲ 😕 )

CPU ကိုတော့ Kryo 385 ကိုသုံးထားတယ် Core 8 လုံးပါတယ် Clock Speed ကတော့ 2.8 GHz ပါ တစ်ကယ်လက်တွေ့မှာ A11 Bionic ထက်ပိုမြန်နိုင်မလားဆိုတာ ထွက်လာမှသိရမှာပါ၊ 

GPU ကတော့ Adreno 630 Visual Processing Subsystem ကို သုံးထားတယ်၊ Snapdragon 835 ထက် Graphic Rendering မှာ 30% ပိုမြန်လာမယ်၊ Visual Processing အားလုံးအတွက် 30% Power Efficient ကောင်းလာမယ်၊ နောက်တစ်ခုက XR Support လုပ်မယ်၊ အိုကေ XR ဆိုတာဘာလဲအရင်ဆုံးကြည့်ကြည့်ရအောင် eXtended Reality ပါ Cross Reality လို့လည်း ခေါ်တယ် အလွယ်လေးပြောရရင် XR ဆိုတာ 360 Video, MR(Mixed Reality), VR(Virtual Reality), AR(Augmented Reality) တို့ကနေတစ်ဆင့်မွေးဖွားလာတဲ့ Reality တစ်ခုပါ iPhone မှာ AR ကို အကြမ်းစားကြီးရနေတာကို တွေ့ရမှာပါ၊ မပူပါနဲ့ Android Highend ဖုန်းတွေမှာလည်း AR ထက်ပိုကောင်းတဲ့ XR ကိုမြင်ရတော့မှာပါ၊ Android ဖုန်း Company တွေက ကြမ်းနိုင်မယ်ဆိုရင်ပေါ့... (XR, AR, VR, MR တို့နဲ့ပက်သက်ပြီး Post တစ်ခုတင်ပေးပါဦးမယ်)

Camera ပိုင်းအတွက် Spectra 280 Image Signal Processor ကိုထည့်သွင်းထားပါတယ်၊ Single မှာဆိုရင် 16MP နဲ့ ၁ စက္ကန့်ကို ပုံပေါင်း 60 ဖမ်းယူနိုင်မယ်၊ Dual မှာဆိုရင် 16MP ကို ပုံပေါင်း 30 စီဖမ်းယူနိုင်မယ်၊ Single မှာ 32MP ဆိုရင် ပုံပေါင်း 30 ဖမ်းယူနိုင်မယ်၊ 32MP ကို Support လုပ်ပါပြီ၊ Multi-frame Noise Reduction တွေပါဝင်မယ်၊ Video Recording မှာဆိုရင် 4K ကို 60fps နဲ့ရိုက်ကူးနိုင်မယ်၊ 10bit HDR ရမယ် Slow motion မှာဆိုရင် 720p ကို 480fps နဲ့ရိုက်ကူးနိုင်ပြီးတော့ 1080p ကို 240fps နဲ့ရိုက်ကူးနိုင်မယ် ဆိုတော့ Slow motion မှာ iPhone ထက် fps တွေပိုသာသွားပါပြီ၊ Charging ပိုင်းမှာဆိုရင် Qualcomm Quick Charge 4/4+ နည်းပညာပါဝင်မယ်၊ 

အခုပြောပြခဲ့တဲ့အချက်အလက်တွေက Snapdragon 845 Chipset လုပ်နိုင်တဲ့ စွမ်းရည်တွေပါ တစ်ချို့ Functions တွေကို သုံးလို့ရမရက ဖုန်းထုတ်တဲ့ Company နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်၊ 

Samsung Galaxy S9 မှာ ထပ်တွေ့ရဦးမဲ့ Exynos 9810 Chipset အကြောင်း...

ငင့်... စောစောကပြောတော့ Snapdragon 845 ကို S9 မှာအစောဆုံးတွေ့ရမယ်ဆို??? မှန်ပါတယ် ဒါပေမဲ့ S9 အတွက်ပဲ Samsung က သူ့ ကိုယ်ပိုင် Chipset ကိုပြန်သုံးပြီးထုတ်ပါတယ်၊ ဆိုတော့ 845 နဲ့ ဘာတွေကွာမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်...

Exynos 9810 ဟာ LTE Modem အတွက် Download မှာ Cat.18 6CA ကိုသုံးထားတယ် Upload မှာ Cat18 2CA ကိုသုံးပေးထားတယ်၊ ဆိုတော့ Download Speed မှာ 1.2Gbps, Upload Speed မှာ 200Mbps တောင်ရမှာပါ ဒီအချက်ကတော့ 845 ထက် Upload မှာ မြန်သွားပါပြီ၊

CPU ကတော့ Core 8 လုံးပဲ 4 လုံးကတော့ 2.9 GHz ကျန် 4 လုံးကတော့ 1.9 GHz ပါ၊ Clock-Speed မှာ 845 ကွာတယ်ဆိုပေမဲ့ Samsung အနေနဲ့ ကောင်းကောင်း Handle လုပ်နိုင်လို့ လက်တွေ့မှာကွာတာသိပ်မတွေ့ရဘူး (အရင် Chipset တွေမှာ)၊ ပြီးတော့ 2nd Gen. 10nm FinFET Process နဲ့တည့်ဆောက်ထားလို့ အရင်ကထက် ပါဝါနည်းနည်းသုံးပြီးတော့ Performance ပိုကောင်းလာပါမယ် 

GPU ကတော့ ARM Mali-G72 MP18 ကိုသုံးထားတယ် အရင်ထွက်ခဲ့တဲ့ 8895 ထက် 20% Performance ပိုကောင်းပါတယ်၊ G72 MP18 ဟာ Gaming အတွက်မဟုတ်ပဲ Machine Learning အတွက်ပါ Arithmetic Optimization နည်းပညာနဲ့တည့်ဆောက်ထားတာပါ၊ VR အပိုင်းမှာဆိုရင် Graphical Experience ကို အပြည့်အဝ Support လုပ်ပါတယ်

Camera ပိုင်းအတွက်ဆိုရင် Dual ISP ကိုသုံးထားတယ်၊ 845 မှာ Spectra 280 ISP တစ်လုံးထဲကိုသုံးထားပါ၊ သူက အမည်မပေးထားတဲ့ ISP ၂ ခုကိုသုံးထားပေးထားတယ်၊ ဘာတွေပိုကောင်းလာမလဲ နည်းပညာအသစ်ဆိုတော့ ပိုကောင်းနေတာ မထူးဆန်းဘူး Noise Reduction တွေ PDAF တွေစဖြင့် ဘာညာပေါ့၊ ဒါမဲ့ Video Recording မှာ 4K ကို 120fps နဲ့ကူးနိုင်ပါတယ်၊ ဝိုး ဒါဟာ Smartphones တွေထဲမှာ 4K ကို fps အများဆုံးနဲ့ရိုက်ကူးနိုင်တာပါ၊ တွေးကြည့်ရင် Dual ISP ကြောင့်များလား 😕 Exynos 9810 Chipset ကြီးကတော့ Support လုပ်လိုက်တာပဲ တစ်ကယ်ရမရက S9 ထွက်လာတဲ့အခါ သိရမှာပါ၊ ဘာလို့ ဒီစကားပြောတာလဲဆိုရင် S9 ထွက်တဲ့အခါ ထုံးစံအတိုင်း Snapdragon နဲ့ကော Exynos ပါထုတ်မှာပါ၊ ဆိုတော့ Exynos နဲ့ ထုတ်တဲ့ S9 က 4K 120fps နဲ့ရပြီးတော့ SD နဲ့ထုတ်တဲ့ကောင်က 60fps ဆိုရင် မဟုတ်သေးဘူး... လွဲတော့လွဲနေပြီ ထားပါ SD နဲ့ ထုတ်တဲ့ S9 မှာပါ 120fps နဲ့ပါရိုက်ကူးနိုင်ရင်တော့ ISP နောက်တစ်လုံးထပ်ထည့်ထားတာဖြစ်ဖို့များသွားပြီ၊ ဒါဆိုရင်တော့ 4K မှာ 120fps ရိုက်ကူးနိုင်တာဟာ Dual ISP နဲ့သက်ဆိုင်နေတာများလား (တွေးကြည့်တာပါ)၊ Lens တွေမှာဆိုရင် Single ကို ရှေ့ကောနောက်ကော 24 MP ထိပဲ Support လုပ်ပါတယ်၊ Dual ဆိုရင် 16+16 MP ပါ၊ Megapixels Support လုပ်တဲ့အပိုင်းမှာ SD 845 နဲ့ သိသိသာသာကွာပါတယ်၊ AR နဲ့ XR ကို Support လုပ်နိုင်ကြောင်းတော့ မသိရသေးဘူး၊

အချုပ်အားဖြင့် စာရေးသူအထက်မှာ ပြောခဲ့ အမြန်ဆုံးနဲ့ အကောင်းဆုံးဆိုတဲ့ စကားက A11, Snapdragon 845, Exynos 9810 အတွက်ပဲလားဆိုတော့မဟုတ်ပါဘူး အခြား Chipset တွေအတွက်လည်းမှန်ပါတယ်၊ Huawei ရဲ့ နောက်ဆုံးပေါ် HiSilicon Chipset က Video Recording မှာ 8K တောင် Support လုပ်နေပါပြီ၊ ယိစ်.... 😕wtf 4K နဲ့ ကြည့်ဖို့ TV တွေတောင် ဈေးကြီးနေတာ 8K ဆိုတော့ (ဝမ်းသာကြည်နူးဖို့ကောင်း မင်းအစားငါဂုဏ်ယူ :3 ) ပြီးတော့ Snapdragon နဲ့ Exynos ကို ယှဉ်တွဲပြီးပြောခဲ့ပါတယ် ဘာဖြစ်လို့လဲဆိုတော့ A11 အပြင် အခြားသော Chipset တွေက Android OS ကို အဓိကမောင်းနှင်ဖို့ဖြစ်တဲ့အတွက် Architecture ချင်းတူလို့ယှဉ်ပြောသွားတာပါ၊ Apple က သူ့ကိုယ်ပိုင် iOS အတွက် ကိုယ်ပိုင် Chipset တည်ဆောက်ထားလို့ အခြား Chipset တွေနဲ့မတူတာပါ၊ ဘယ်လောက်ပဲ ကိုယ်တိုင်လုပ်တတ်တယ်ပြော နည်းပညာဆိုတာ Share သုံးရတာပါပဲ၊ Apple က LTE modem ကို Qualcomm ကနေ ဝယ်သုံးရပါတယ်၊ မူပိုင်ခွင့် ပြဿနာတွေတတ်လို့ နောက်ထွက်မဲ့ iPhone တွေမှာ အခြား Company ရဲ့ Modem ကိုပြောင်းသုံးသွားမယ်လို့ သိရပါတယ်၊

ကဲ... ဟုတ်ပါပြီ ဒါဆို Samsung က Model တူဖုန်းကို ဘာလို့ Chipset 2 မျိုးနဲ့ထုတ်တာလဲ??? အဓိကက Europe ကိုတင်သွင်းတဲ့အခါ အနောက်ဘက် နိုင်ငံရဲ့ စံအမှီထုတ်လုပ်ရပါတယ်၊ အဲ့ဒါကြောင့် Snapdragon နဲ့ ထပ်ထုတ်ရတာပါ၊ ဒါဆို Exynos ကကော စံမမှီလို့လား??? အဲ့ဒါလည်း မဟုတ်ပါဘူး Exynos ဒီလောက်ကောင်းနေတာ အားလုံးသိတာပဲ၊ LTE modem ကြောင့်လဲဖြစ်နိုင်ပါတယ်၊ Exynos Chipset ရဲ့ Modem က အနောက်ဘက်နိုင်ငံက Carrier/Operator တွေနဲ့မကိုက်လို့ဖြစ်နိုင်ပါတယ်၊ ဒါဆို အနောက်ဆို အနောက်ဘက် နိုင်ငံတွေရဲ့ စံမမှီဘူးဆိုတဲ့အချက် ငြိသွားပြန်ပါပီ၊ နောက်တစ်ချက်က တမင်ညစ်ပက်ထားတာလည်းဖြစ်နိုင်ပါတယ်၊ ဆိုလိုတာက "မင်းဖုန်း ဘယ်လောက်ကောင်းကောင်း ငါတို့ နိုင်ငံ Made အရာတစ်ခုမပါရင် တင်သွင်းခွင့်မပြု" အဲ့ဒါကြောင့်များလား??? ဖြစ်နိုင်ပါတယ် ဆိုတာထက် စာရေးသူလျောက်တွေးနေတာပါ၊ အလာတူ ပြဿနာမျိုး Xiaomi မှာလဲရှိပါတယ်၊ China အလုံးဆို MTK (MediaTek) နဲ့လာပြီးတော့ Global ဆို Snapdragon နဲ့ပြောင်းထုတ်ပါတယ်၊

ဒါဆို MediaTek နဲ့ Xiaomi ရဲ့ Surge Chipset တွေကကော??? MediaTek ကတော့ ရိုးရှင်းတယ် Performance ထက် ဈေးသက်သာတာကိုဦးစားပေးတာပါ ဒီကောင် ရှိလို့လဲ ဖုန်းတွေကို ဈေးပေါပေါနဲ့ သုံးနိုင်တာပါ၊ Performance ကတော့ အခြားသော Chipset တွေနဲ့ယှဉ်ရင် တစ်ဆင့်နိမ့်ပါတယ်၊ ဒါမဲ့ ဈေးသက်သာပါတယ်၊ Xiaomi ကတော့ သေချာပေါက် အခြားသော Chipset တွေနဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာပါ၊ ဒါပေမဲ့ ထွက်မလာသေးတော့ တစ်ကယ်ယှဉ်နိုင်မလားဆိုတာ စမ်းသပ်ချက်တွေကို မသိရသေးပါဘူး၊ စာရေးသူလည်း Huawei ရဲ့ အသစ်ထွက်မဲ့ Camera ၃ လုံးပါဖုန်းက 8K Support လုပ်ဖို့အတွက် တစ်လုံးအပိုပါနေတာလားလို့ တွေးရင်း ပိုက်ဆံမရှိကြောင်း ညည်းပြီလေ... အိပ်ပြီဗျာ ၁ နာရီတောင်ထိုးနေပြီ...

The more you visit Planet X, the more tech knowledge you will gain. Come and visit our planet to enjoy the real taste of technology. Thanks.

 

Credit : Planet X



ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511

ကျောက္ကာလမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
0712026544, 09976203040, 09453375511